
စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများ အသိပညာပေး ဟောပြောပွဲများကို ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ချစ်ကြည်စုကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ များကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ် ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတတ်သော ဆေးဝါးများ အန္တရာယ် နှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေး အတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ညောင်ပင်ကြီး အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲများတွင် ကျောင်းသား ကျောင်းသူ ၁၂၇ ဦး၊ ချစ်ကြည်စု အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲများတွင် ကျောင်းသား ကျောင်းသူ ၆၉ ဦး တက်ရောက်ကြောင်းနှင့် ညောင်ပင်ကြီး အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)