
၂၀၂၅ ခုနှစ် ၊ သြဂုတ်လ ၂၀ ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ စပါး၊ ဆန်နှင့်ဆန်ထွက်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ဆန်စပါး လုပ်ငန်းကြီးကြပ်ညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဆန်စပါးကုန်သည် များအသင်း ဥက္ကဋ္ဌနှင့်အတူ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တက်ရောက်သည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ရှင်းလင်းဆွေးနွေးခြင်းနှင့် သတ်မှတ်ထုတ်ပြန်ထားသည့် ဆန်စျေးနှုန်း များနှင့်အညီရောင်းချမှုရှိစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်မှန်ကန်စွာ ဖြင့် ရောင်းချခြင်းများမရှိစေရေး၊ဆန် စီးဝင်/စီးထွက်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)