
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးသည် အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ် သက်၍ လာရောက်မေးမြန်းသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း ၍ မှတ်ပုံတင်လျှောက်ထားရာတွင် ကြိုတင်ပြင်ဆင် ထားရှိရမည့် အထောက်အထားများ၊ အခြေခံ လိုအပ် ချက်များ၊ လျှောက်ထားခြင်း ပုံစံအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့် အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း များ ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)