မအူပင်ခရိုင်တွင် မြစ်၊ ချောင်း၊ အင်းအိုင်များပေါများ၍ မိုးရာသီကာလတွင် မြုံးထောင်ခြင်း၊ ငါးဖမ်းခြင်း၊ ပိုက်ချခြင်း လုပ်ငန်းများကို မအူပင် တိုးမြစ်အတွင်း ငါးလုပ်သားများရှိ၍ မြစ်ငါးများကို ဈေးအတွင်းရောင်းချကြောင်း သိရသည်။ မွေးမြူရေး ငါးလုပ်ငန်းရှိ၍လည်း မွေးမြူရေးငါးများလည်းရောင်းချ ကြသည်။
ဈေးကောင်မွန်နေ၍ ရောင်းချသော မြစ်ငါး များ၏ ဈေးနှုန်းမှာ ငါးခြင်း ၁တယ်သားလျှင် ၃၀၀၀ကျပ်၊ ငါးချောင်းငါး ၁ဆယ်သား ၂၀၀၀ကျပ်၊ မြစ်ငါးတန် ၁ဆယ်သား ၂၅၀၀ကျပ်၊ ငါးဘတ်ငါး ၁ဆယ်သား ၃၀၀၀ကျပ်၊ မြစ်ငါးသားလောက် ၁ဆယ်သား ၈၅၀၀ကျပ် ဖြင့် ရောင်းချနေကြောင်း ဈေးကွက်အတွင်း တွေ့ရပြီး မြစ်ငါး တစ်ကောင်လျှင် ၁ပိဿာကျော်ပြီး ငါးသားလောက် ငါးများ ၈၅ကျပ်သားအရွယ် ၁ပိဿာအရွယ်ရှိကြောင်း သိရသည်။ ဩဂုတ်လ တတိယပါတ်အတွင်း ငါးဈေးများ အရမ်းမြင့်မားခြင်းမဟုတ်ကြောင်း ငါးရောင်းချသူမှ ရှင်းပြ၍ သိရသည်။
DOCA(ဧရာဝတီ)