
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) သည် ၂၀.၈.၂၀၂၅ ရက်နေ့ ၁၁:၀၀ နာရီ အချိန်၌ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၁)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း ၊ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ရောင်းချခြင်း၊ပြုပြင်ခြင်းကိုဖြစ်စေ၊ပြည်ပသို့တင်ပို့ခြင်း၊ပြည်တွင်းသို့ တင်သွင်း ခြင်း၊ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံပေးခြင်းကိုဖြစ်စေ၊ဝန်ဆောင်မှုပေးခြင်း ကို ဖြစ်စေ၊ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊အဖွဲ့အစည်း နှင့်သော်လည်းကောင်းဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ၊ ကုန်စည် / ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ကချင်)