ကန့်ဘလူမြို့မဈေးရှိ တီလားဗီးယားငါး၊ ငါးဘတ်နှင့် ငါးရံ့ဈေးနှုန်းများ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသော တီလားဗီးယားငါးအကြီး(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊  အသေး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ဩဂုတ်လ စတုတ္ထ ပတ်အတွင်း ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငါးရောင်းဝယ်ရေးလုပ် ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)