
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူမြို့ နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းများသည် ကန့်ဘလူမြို့နယ်၌ အွန်လိုင်းမှတ်ပုံတင်ထား သည့်လုပ်ငန်းရှင်သည် ရောင်းချနေသောလုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို (၂၈.၈.၂၀၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်ထံသို့သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့နယ်တာဝန်ခံက အွန်လိုင်းဖြင့်ရောင်းချသည့် လုပ်ငန်းရှင်အား အွန်လိုင်းရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းများ ကိုက်ညီမှုရှိ/မရှိ မေးမြန်းစစ်ဆေးခဲ့ပြီး အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ပြီး အွန်လိုင်စနစ်ဖြင့်ရောင်းချခြင်းဆိုင်ရာ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)