စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းလျှင် ကျပ်၅၅၀၀၀၊ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ် ၆၅၈၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၆၅၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၄၀၀၀၊ ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၆၅၀၀၀၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် ၇၀၀၀၀၊ ကုလားပဲ V3,7 တစ်တင်းလျှင် ကျပ် ၇၃၃၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
ဂျုံဖြူသန့်တစ်တင်း ကျပ် ၆၆၆၀၀၊ ဂျုံအထွက်တိုးတစ်တင်း ကျပ် ၆၃၃၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၈၀၀၀၀၊ ပဲနီ လုံးရိုးရိုး တစ်တင်းလျှင် ကျပ် ၅၀၀၀၀၊ ပဲနီလုံးကြား တစ်တင်းလျှင် ကျပ် ၅၆၀၀၀၊ ပဲပုတ်စေ့ (ဗမာ) တစ်တင်းလျှင် ကျပ် ၈၈၀၀၀၊ ပဲပုတ်စေ့ (ရှမ်း) တစ်တင်းလျှင် ကျပ် ၅၅၀၀၀၊ ထောပတ် ပဲ တစ်တင်းလျှင် ကျပ် ၆၀၀၀၀၊ မြေထောက်ပဲ တစ်တင်းလျှင် ကျပ် ၉၀၀၀၀၊ ပုဂံပဲ တစ်တင်းလျှင် ကျပ် ၇၀၀၀၀၊ ပဲလွန်းဖြူ တစ်တင်းလျှင် ကျပ် ၅၃၀၀၀၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် ၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် ၁၈၀၀၀၊ ပြောင်းနီ တစ်တင်းလျှင် ကျပ် ၁၈၆၀၀၊ ပြောင်းဖြူ တစ်တင်းလျှင် ကျပ် ၁၉၃၀၀၊ ဆီထွက် သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများ မှာ နှမ်းညို တစ်တင်းလျှင် ကျပ် ၈၅၀၀၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၁၀၆၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၁၈၀၀၀၊ နေကြာစေ့ တစ်တင်းလျှင် ကျပ် ၃၃၇၅၀၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်၆၈၀၀၊ မြေပဲလုံး ဆံဖြူ တစ်ပိဿာလျှင် ကျပ် ၇၁၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ကျပ်၃၁၀၀၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၁၅၅၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် သီးနှံများအားလုံး ဈေးအနည်းငယ်တက်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)