အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

       ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြား ရေးမှူး)ဦးဆောင်၍ (၂၈.၈.၂၀၂၅)ရက်နေ့ ၊နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဇဗ္ဗူသီရိမြို့နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ  လုပ်ငန်းရှင်(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲ၌ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်သည့်အကြောင်း၊ မှတ်ပုံတင်ပြုလုပ်ရာ၌ ရွေးချယ်ရမည့်ကုန်စည်၊ ဝန်ဆောင်မှု အမျိုးအစား များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ ကုန်အညွှန်းအမှတ်အသားအကြောင်း စသည်တို့နှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်သည့်လုပ်ငန်းများအကြောင်း ဟောပြောခဲ့ပြီး    လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)