
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် ထောပတ်သီးများနှင့် နာနတ်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း ) တောင်ကြီး၊ ဟိုပုံ၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းပါကြောင်း၊ နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အများအားဖြင့်အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည့်ဖြင့် ကိုယ်ကြိုက်နှစ်သက်သလို စားသုံးနိုင်ပါသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လတတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ အသေး (၁)လုံးလျှင် (၇၀၀) ကျပ်၊ အလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ်၊ နာနတ်သီးဈေးနှုန်းမှာ အသေး (၁)လုံး လျှင် (၁၅၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း သိရှိရပါသည်။
DOCA (စစ်ကိုင်း)