
ကျွန်းလှမြို့တွင် မုန့်ပြားသလက် နှင့် မုန့်လင်မယားကို ပြုလုပ်ရောင်းချလျက်ရှိရာ မုန့်ပြား သလက်သည် မြန်မာလူမျိုးတို့အတွက် ရှေးယခင်ကတည်းက ရိုးရာအစားအစာဖြစ်ပြီး လူကြီး/ လူငယ် မရွေးစားသုံးကြသော အစားအစာဖြစ်သည်။ မုန့်ပြားသလက်သည် ဆီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင်ညီညွတ်သည့်အတွက် လူကြိုက်များပြီး ဗိုက်ပြည့်သော သရေစာမုန့်တစ်ခု ဖြစ်ပါ သည်။ မုန့်လင်မယားကိုတော့ ဆီဖြင့်ကြော်ရသည့်အတွက် ဆီပါဝင်မှုများ၍ လူတိုင်းစားသုံးခြင်း မပြုသည့်အတွက် မုန့်ပြားသလက်လောက်တော့ ရောင်းအားမကောင်းကြောင်း မုန့်ပြားသလက်နှင့် မုန့်လင်မယားကို ဆန်ကြမ်းဖြင့် ပြုလုပ်ရသော မုန့်ဖြစ်ပြီး မုန့်ပြားသလက်ကို အနီ/ အဖြူ နှင့် ကြက်ဥတို့ဖြင့် လုပ်ကိုင်ကာ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိကြောင်း မုန့်ပြားသလက် အနီမှာ ထန်းလျက်ရည်နှင့်ပြုလုပ်ပြီး မုန့်ပြားသလက်အဖြူမှာ ပဲတစ်မျိုးမျိုး၊ ဆူးပုတ်ရွက်၊ ရှမ်းနံနံ၊ နံနံပင်၊ ငရုပ်သီးစိမ်း နှင့် ခရမ်းချဉ်သီးတို့ပါဝင်ပြီး ကြက်ဥ မုန့်ပြား သလက်ကို ကြက်ဥထည့် ပြီးကျန်သည့်အဆာပလာများလည်းပါဝင်ပါသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်ပြားသလက် အဖြူဈေးနှုန်းမှာ(၁)ခုလျှင်(၂၀၀)ကျပ်၊ မုန့်ပြားသလက်အနီဈေးနှုန်းမှာ(၁)ခုလျှင်(၃၀၀)ကျပ် နှင့် ကြက်ဥမုန့်ပြားသလက် ဈေးနှုန်းမှာ(၁)ခုလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း မုန့်လင် မယား ဈေးနှုန်းအနေဖြင့် မုန့်လင်မယား(၁)ခုလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၁)ခု တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)