တရုတ်နိုင်ငံ၏ ထီရောင်းချမှု ရောင်းအားကျဆင်းလာ

Powered by Drupal

          တရုတ်နိုင်ငံ၏ ထီလက်မှတ်ရောင်းချမှုသည် ဇူလိုင်လတွင် ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်း ကျဆင်းလာကာ ၅၁.၉၄၉ ဘီလီယံ  (အမေရိကန်ဒေါ်လာ ၇.၃  ဘီလီယံခန့် ) ရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ်လ ၁၉ ရက်နေ့က ပြောကြားခဲ့ပါသည်။

          ဇူလိုင်လတွင် အားကစားလုပ်ငန်းများကို အထောက်အကူပြုသော ထီလက်မှတ်ရောင်းရ ငွေမှာ ၃၄.၀၂၂ ဘီလီယံ ရရှိခဲ့ပါသည်။ယခင်နှစ်က ဥရောပချန်ပီယံရှစ်ကြောင့် အားကစားထီ ရောင်းအား မြင့်တက်ခဲ့သောကြောင့် ယခုနှစ်တွင် ယခင်နှစ်ကထက် ၈.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          နိုင်ငံ၏ သက်သာချောင်ချိရေးကို ထောက်ပံ့ပေးသည့် ထီလက်မှတ်ရောင်းအားသည် ပြီးခဲ့ သည့်လက ယွမ် ၁၇.၉၂၈ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတစ်ဝန်းလုံးတွင် ယွမ် ၃၆၉.၈ ဘီလီယံ ရောင်းချခဲ့ရပြီး ယခင်နှစ်ကထက် ၁.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

          တရုတ်နိုင်ငံ၏ ထီစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအောက်တွင် လက်မှတ်ရောင်းချခြင်းမှ ရရှိသော ရန်ပုံငွေများကို အုပ်ချုပ်ရေးဆိုင်ရာ ကုန်ကျစရိတ်များ၊ပြည်သူ့လူမှုဖူလုံရေး စီမံကိန်းများနှင့် ဆုမဲ များအတွက် ခွဲဝေထားကြောင်း သိရှိရပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)