ကန့်ဘလူမြို့၌ စက်သုံးဆီအရောင်းဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် နံနက် ၁၀:၀၀နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်း စာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များအား အထူးဈေး ကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် စားသုံးသူများလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များကို ပုံမှန်ဖွင့်လှစ် ရောင်းချပေးရန်ပြောကြားခဲ့ပြီး စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)