ပုသိမ်မြို့ ပန်းဈေးကွက်ရှိ ဂန္ဓာမာပန်းနှင့် ပန်းထိမ်ငိုပန်း ဈေးနှုန်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ပန်းဈေးကွက်တွင် နှင်းဆီပန်း၊ ဂန္ဓာမာပန်း၊ သပြေပန်း၊ အာဆီယံသပြေ၊ ပန်းထိမ်ငို၊ မေမြို့ပန်း စသည်တို့ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

            ပုသိမ်မြို့ ပန်းဈေးကွက်၌ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဂန္ဓာမာပန်း ဈေးနှုန်းအနေဖြင့် (၃/၅) ပင်ပါ တစ်စီးလျှင် (၃၀၀၀)ကျပ် ဖြင့်လည်းကောင်း၊ ပန်းထိမ်ငိုပန်း (၁၀)ပင်ပါ တစ်စီးလျှင် (၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းထိမ်ငိုပန်းသည် တာရှည်အထားခံသည့်အပြင် လှပသည့်အသွင်သဏ္ဌာန်ကြောင့် လူကြိုက်များ ကာ အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)