ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

Powered by Drupal

       ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စားသုံးသူ၏ အခွင့်အရေးများတွင် စားသုံးသူသည် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေ ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် စားသောက်ကုန်ပစ္စည်းများ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းကို အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ် တာဝန်ခံနှင့် အုတ်ဖိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၁.၈.၂၀၂၅ ရက်နေ့ နေ့လယ် ၁၄း၀၀ နာရီတွင် အုတ်ဖိုမြို့နယ်အတွင်းရှိ Naing Zar ရေသန့်ထုတ်စက်ရုံအား  ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးမှ ထုတ်လုပ်ခွင့်လိုင်ဆင်စစ်ဆေး ခြင်း၊သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရှိ/မရှိစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ် တာဝန်ခံမှစားသုံးသူကာကွယ်ရေး၊ ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များရှင်းလင်းပြောကြား ပြီး ပြစ်မှုနှင့်ပြစ်ဒဏ်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)