ဖျာပုံခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊   စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးနှင့်   မြို့နယ်တာဝန်ခံတို့သည်  ခရိုင်မီးသတ်တပ်ဖွဲ့ရုံး၌ စက်တင်ဘာလ(၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီတွင် မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

      အဆိုပါဟောပြောပွဲတွင် ခရိုင်မီးသတ်တပ်ဖွဲ့မှ ခရိုင်ဦးစီးမှူးဦးဌေးဝေက အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊စားသုံးသူများဆုံးရှုံးနစ်နာမှုရှိပါက တိုင်ကြား နိုင်သည့်ဖုန်းနံပါတ်များအား လက်ကမ်းစာစောင်များတွင်ပါရှိပါကြောင်း ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊တားမြစ်ထားသောကုန်စည်များ၊ ဈေးကွက်အတွင်းကွင်းဆင်းဆောင် ရွက်နေမှု အခြေအနေများနှင့် စားသုံးသူပြည်သူများနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားစာများ အားဖြေရှင်းဆောင်ရွက်မေးသည့်အခြေအနေများအားဟောပြောဆွေးနွေးပါသည်။

      ထိုနောက်တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းမှုအပေါ်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီးလက်ကမ်းစာစောင်များဖြန့်ဝေ၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်မျာ းပေးအပ်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)