ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ညောင်တုန်းမြို့နယ်မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆီကုန်သည်များအသင်း(ယာယီ)၊ မြန်မာနိုင်ငံဆန်စက်ပိုင်ရှင်များ အသင်းခွဲတို့ပူးပေါင်း၍ (၅.၉.၂၀၂၂) ရက်နေ့ နံနက်(၀၉ :၀၀) အချိန်တွင် အမှတ်(၁၀)ရပ်ကွက် ဓမ္မာရုံရှေ့၌ စားသုံးသူပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး ခဲ့ပါသည်။
အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချသည့်ဈေးနှုန်းမှာ ဆန်တစ်ပြည် ၁၅၀ဝိ/-၊ ဆီ (၅၀)ကျပ်သား ၂၅၀၀/-၊ ကြက်ဥ (၅)လုံးလျှင် ၈၀၀/-၊နှင့် ဆား(၅၀)သားလျှင် ၂၀၀/-၊နှင့် အမှတ်(၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှလည်း စားသောက်ကုန်နှင့် ရှပ်အင်္ကျီများကိုပါ ဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူ အိမ်ထောင်စု (၃၀၀)ကျော်အားရောင်းချပေးခဲ့ပြီး ထိုကဲ့သို့ရောင်းချခြင်းအား တစ်ပါတ်လျှင် ၂ကြိမ်ခန့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)