ညောင်တုန်းမြို့နယ် စက္ကော့ (အ.ထ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းအဖွဲ့သည် (၈.၉.၂၀၂၂) နေ့ နံနက် (၁၀:၀၀)အချိန်မှ (၁၁:၄၅) ချိန်အထိ စက္ကော့ (အ.ထ.က) ကျောင်းတွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းဖော်ပြချက်များကို ကြည့်ရှု၍ ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူတက်စေရန်နှင့် စားသုံးသူ အခွင့်အရေး နစ်နာဆုံရှုံမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ နစ်နာဆုံးရှုံးမှု ရှိစေရန် ရည်ရွည်၍ ဖြစ်စေသော လုပ်ငန်းရှင်များအား ထိရောက်သော ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စီမံခန့်ခွဲရေးနည်းလမ်းများ အကြောင်းကို ရှင်းလင်းဆွေး နွေးခဲ့ပြီး ကျောင်းသူ/ ကျောင်းသား များက သိရှိလိုသည်များ မေးမြန်း၍ ပြန်လည်ရှင်း လင်းဆွေး နွေးခဲ့ကြောင်း၊ ဟောပြောပွဲသို့ ကျောင်းသား/သူ၊ ဆရာ/ ဆရာမ အင်းအား ၂၃၀ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)