ပွင့်ဖြူမြို့နယ်တာဝန်ခံရုံး၌ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေး

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၆..၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ Online စနစ်ဖြင့် ရောင်းချနေသည့် လုပ်ငန်းရှင်အား Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ() ပုဒ်မခွဲ()အရ Online စနစ်ဖြင့်ရောင်းချ ခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)ဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်မည့်သူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရယူပြီးမှ လုပ်ငန်းဆောင်ရွက်ရန်နှင့် မှတ်ပုံ တင်လျှောက်ထားရာတွင် လုပ်အပ်သောအချက်အလက်များ ပူးတွဲတင်ပြရမည့် အထောက်အထားများအကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ပြီး Onlineမှ ဝယ်ယူမည့်စားသုံးသူများ သတိပြုရမည့် အချက် အလက်များနှင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၊ Consumer Call Center No.(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)