
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များဖြစ်သည့် ပခုက္ကူကုန်စည်ဒိုင်၊ ဆိပ်ဖြူကုန် စည်ဒိုင်နှင့် မကွေးမြို့ကြက်သွန်နီပွဲရုံများသို့ ကြက်သွန်နီကုန်တင်ယာဉ်များ နေ့စဉ်ဝင်ရောက်လျက် ရှိရာ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေ ၊ ကမ္မ စသည့်မြို့များနှင့် မြင်းခြံမြို့မှ ကြက်သွန်နီများကို ပခုက္ကူကုန်စည်ဒိုင်သို့လည်းကောင်း၊ မြစ်ခြေ၊ ယောချောင်းနဘေးရှိ ကျေးရွာများမှစိုက်ပျိုး ထွက်ရှိ သော ကြက်သွန်နီများကို ဆိပ်ဖြူ ကုန်စည်ဒိုင်သို့လည်းကောင်း၊ ယင်းချောင်း ဝဲ/ယာရှိ ကျေးရွာ များနှင့် တောင်တွင်းကြီး မြို့နယ်ရှိကြက်သွန်စိုက်တောင်သူများက မကွေးမြို့ရှိ ကြက်သွန်ပွဲရုံများ သို့အဓိကတင်ပို့ရောင်းချကြောင်းသိရသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် ပခုက္ကူ ကုန်စည်ဒိုင်သို့ ကြက်သွန်နီကုန်အဝင်ပိဿာချိန် (၁၈၀၅၀၀)၊ ဆိပ်ဖြူကုန်စည်ဒိုင်သို့ကုန်အဝင် ပိဿာချိန် (၈၉၅၀၀)၊ မကွေးကြက်သွန်နီပွဲရုံများသို့ ကုန်အဝင်ပိဿာချိန်(၁၅၃၀၀) ဝင်ရောက်ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုထ္ထပတ်)တွင် မကွေးတိုင်းဒေသကြီးအတွင်းသို့ ကြက်သွန်နီဝင် ရောက်မှုမှာ ပခုက္ကူကုန်စည်ဒိုင်တွင် ကုန်အဝင်ပိဿာချိန်(၁၆၉၀၀၀) ၊ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကုန် အဝင်ပိဿာချိန် (၁၉၀၀၀၀) ၊ မကွေးကြက်သွန်နီပွဲရုံများသို့ ကုန်အဝင်ပိဿာချိန်(၁၃၆၀၀) ဝင် ရောက်ခဲ့ပြီး ဩဂုတ်လ(တတိယပတ်) နှင့် (စတုထ္ထပတ်) ကြက်သွန်နီဝင်ရောက်မှု နှိုင်းယှဉ်ပါက ပခုက္ကူကုန်စည်ဒိုင်တွင် ပိဿာချိန် (၁၁၅၀၀) နှင့်မကွေးမြို့ကြက်သွန်နီပွဲရုံများတွင် ပိဿာချိန် (၁၇၀၀) လျော့နည်းခဲ့ပြီး၊ ဆိပ်ဖြူကုန်စည်ဒိုင်တွင်မူ ပိဿာချိန် (၁၀၀၅၀၀) ပိုမိုဝင်ရောက်လာခဲ့ ကြောင်း တွေ့ရသည်။ ဩဂုတ်လ(စတုထ္ထပတ်)ထိ ကြက်သွန်နီလက်ကား/ လက်လီဈေးနှုန်းများမှာ မကွေးမြို့တွင် ကျပ် (၁၃၀ဝ) မှ (၁၄၀ဝ) ၊ ပခုက္ကူမြို့တွင် ကျပ် (၁၁၀ဝ) မှ (၁၄၀ဝ) ၊ ဆိပ်ဖြူမြို့ တွင် ကျပ်(၉၀ဝ)မှ (၁၂၀ဝ)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ပခုက္ကူ နှင့် ဆိပ်ဖြူ ကုန်စည်ဒိုင်များမှ ဝင်ရောက်လာသော ကြက်သွန်နီများကို ဘုရင့်နောင်ပွဲရုံမှ တဆင့် မြန်မာ နိုင်ငံအရပ်ရပ်သို့ တင်ပို့ကြောင်း၊ ပြည်ပမှဝယ်ယူမှုနည်း၍ ယခင်နှစ် နှင့် နှိုင်းယှဉ်ပါက ဈေးအနည်း ငယ်ကျဆင်းကြောင်း သိရှိရသည်။
DOCA(မကွေး)