ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီကုန်သည်များအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းတနော် စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ ပန်းတနော်မြို့ မြို့မဈေးရှေ့တွင် ပြည်သူများအား (၆.၉.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြပါသည်။
ထိုသို့ရောင်းချပေးရာတွင် ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် ၊ ကြက်ဥ (၆)လုံးလျှင် (၁၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၂၀၀)ကျပ်နှုန်းနှင့် ပန်းတနော်မြို့နယ်အတွင်းရှိ လူဦးရေ (၅၀၀)ခန့်အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ပန်းတနော်မြို့နယ်ဦးစီးမှူးမှလည်း စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ပြည်သူများသို့ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)