မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စားသုံးဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၇.၉.၂၀၂၂)ရက်နေ့ နေ့ လည်(၁၃:၃၀)နာရီက မြောင်းမြမြို့နယ် လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်း ကုန်မျိုးစုံဆိုင်၌ စားအုန်းများသတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအားသွားရောက် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့စိစစ်ရာတွင်ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်မှ စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးခြင်း၏ရည်ရွယ်ချက်မှာ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် ခွဲဝေရရှိထားသော စားအုန်းဆီ ပိဿာ(၅၅၀၀)အား တစ်ပိဿာလျှင်ရည်ညွှန်းဈေး(၅၃၀၀)ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်း တန်းစီစနစ်ဖြင့် ရောင်းချပေးနေမှုအား လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်း ကုန်မျိုးစုံဆိုင်ပိုင်ရှင်နှင့် တွေ့ဆုံပြီး စားအုန်းဆီရောင်းချမှုအား အချိန်အတွယ်မှန်ကန်စွာရောင်းချပေးနိုင်ရေး စားသုံးသူပြည်သူများနစ်နာမှုမရှိစေရေးအတွက် အဓိကထားဆောင်ရွက်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)