ကန့်ဘလူမြို့ပဲဈေးကွက်၌ အရောင်းအဝယ်အေးနေသည့် ပဲစဉ်းငုံနှင့် ဘိလပ်စေ့သီးနှံဈေးနှုန်း

Powered by Drupal

        မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစဉ်းငုံသီးနှံနှင့်  ဘိလပ်စေ့သီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌ လည်းကောင်း၊ ယာခင်းဘေး ပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုး ကြကြောင်း၊ ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီ()တင်းလျှင် (၇၃၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ()တင်းလျှင် (၇၁၀၀၀)ကျပ်နှင့် အောက်စ() တင်းလျှင်(၇၀၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲစဉ်းငုံနီ()တင်းလျှင်(၁၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ()တင်းလျှင် (၁၀၀၀)ကျပ် ဆက်လက်ကျဆင်းနေကြောင်း၊ ဘိလပ်စေ့ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၅၉၀၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင် (၅၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်တွင် ဈေးကွက်အတွင်း ဘိလပ်စေ့အဝင်နည်း၍ ဈေးအေးနေကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ နယ်မှထွက်ရှိသော ဘိလပ်စေ့များကို  မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)