အခြေခံစားသောက်ကုန်ဈေးနှုန်းများ မအူပင်မြို့တွင် ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီကုန်သည်များအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မအူပင်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်များရှိ လုပ်သားပြည်သူများအား (၆.၉.၂၀၂၂) ရက်နေ့ နံနက်(၀၈း၀၀) အချိန်တွင် ကံလေးလုံးကျောင်းရှေ့၌ ဆန်၊ဆီ၊ဆား၊ကြက်ဥနှင့် ဒေသထွက်ကုန် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။

   အဆိုပါ အခြေခံစားသောက်ကုန်များမှာ ဆန်တစ်ပြည် ၁၅၀၀/-၊ ဆီ (၅၀)ကျပ်သား ၂၅၀၀/-၊ ကြက်ဥ (၆)လုံးလျှင် ၁၀၀၀/-၊နှင့် ဆား(၅၀)သားလျှင် ၂၀၀/-၊ ဟင်းသီးဟင်းရွက်များကိုပါ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)