အမေရိကန်နိုင်ငံ အခြေစိုက်ရေနံကုမ္ပဏီကြီး ExxonMobil သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုတွင် ကမ္ဘောဒီးယားနှင့် ပူးပေါင်းရန် စီစဉ်

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံ၊ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး Keo Rottanak သည် ကမ္ဘောဒီးယား ရှိ အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Casey Barnett နှင့် အမေရိကန် ရေနံကုမ္ပဏီကြီး ExxonMobil ကိုယ်စားလှယ်များ ၂၈-၈-၂၀၂၅ ရက်နေ့၊နံနက်ပိုင်းတွင် ဖနွမ်းပင်မြို့ရှိ ဝန်ကြီးဌာန ရုံး၌ တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ်တွင် ExxonMobil သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ အမျိုးအစား အမျိုးမျိုးကို ထောက်ပံ့ရေးအတွက် ကမ္ဘောဒီးယားနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အတည်ပြုခဲ့သည်။  ကမ္ဘောဒီးယားနှင့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့တို့ သည် နိုင်ငံအတွက် လောင်စာဆီ ပံ့ပိုးပေးရာတွင် ကုမ္ပဏီ၏ အလားအလာကို အကဲဖြတ်ရန်နှင့် ကြိုးပမ်းမှုများကို ထောက်ခံရန် သဘောတူညီခဲ့ကြသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ရာတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဦးစားပေးခြင်းသည် ဝန်ကြီးချုပ် Hun Manet ၏ ခေါင်းဆောင်မှု၊ ၎င်း၏ စီးပွားရေး မူဝါဒများအပေါ် ကုမ္ပဏီ၏ ယုံကြည်မှုနှင့် ကမ္ဘောဒီးယား၏ လောင်စာဆီ ထောက်ပံ့မှုအရင်းအမြစ်များ ကွဲပြားစေရန် ကြိုးပမ်းမှုတို့ကို ပြသခဲ့ကြောင်း Keo Rottanak က ပြောကြားခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ExxonMobil တို့သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မည့် အခွင့်အလမ်းများကို ရှာဖွေရန် ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း Keo Rottanak  ကထပ်မံပြောကြားခဲ့သည်။

Source: Khmer Times                                                                                  

DOCA (ရန်ကုန်)