
ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့သည် နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရန်အတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီး Huot Hak ၏ ၂၇-၈-၂၀၂၅ တွင် ပြုလုပ်ခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။ ဝန်ကြီး Hak နှင့်အတူ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန အကြီးအကဲ Ma Zhigang နှင့် Yunnan Investment Group ၏ CEO ဖြစ်သူ Liu Minglin တို့သည် ကူမင်းမြို့တွင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ နားလည်မှုစာချွန်လွှာ (၅) ခုတွင် Siem Reap ခရိုင် ခရီးသွားလာရေးဌာနနှင့် ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနတို့အကြား သဘောတူညီချက်အပါအဝင်ကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှုများပါဝင်သည်။ ခရီးသွား လာရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ သဘောတူညီချက်များသည် ပူးတွဲစျေးကွက်ရှာဖွေရေး လုပ်ဆောင်မှုများကို မြှင့်တင်ရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကျွမ်းကျင်သင်တန်းများ အားကောင်းလာစေရန်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကမ္ဘောဒီးယားနှင့် ယူနန်ကြား တိုက်ရိုက်ခရီးသွားလမ်းကြောင်းများ ချဲ့ထွင်ရန် မျှော်လင့်ထားသည်။ သဘော တူညီချက်များသည် စျေးကွက်နှစ်ခုလုံးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကကဏ္ဍ ထိတွေ့ဆက်ဆံမှု များအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးကာ ကမ္ဘောဒီးယား၏ အဓိကနေရာများဖြစ်သည့် Siem Reap နှင့် Phnom Penh တို့ကို ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရန်နှင့် ခရီးသွားလုပ်ငန်း စီးဆင်းမှုကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: Khmer Times
DOCA (ရန်ကုန်)