
ကမ္ဘောဒီးယားနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သို့ အိန္ဒိယနိုင်ငံ ပြန်လည်ပူးပေါင်းမည်ဆိုပါက ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ကမ္ဘောဒီးယား အနေဖြင့် အကျိုးအမြတ်များစွာရရှိမည်ဟု ကျွမ်းကျင်သူများက ယုံကြည်နေကြသည်။ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှု GDP ဘောတူညီချက် ဖြစ်သည်။ ၎င်းသည် အာဆီယံ ၁၀ နိုင်ငံ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်တို့ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ကြသည်။ အဆိုပါအဖွဲ့သည် အကောက်ခွန်လျှော့ချရေး၊ အကောက်ခွန် လုပ်ထုံး လုပ်နည်းများချောမွေ့စေရန်နှင့် ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့ စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများ တိုးမြင့်လာနေပြီး တရုတ်နှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် RCEP သို့ ပြန်လည်ဝင်ရောက်ဖွယ်ရှိကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြနေကြသည်။ အကောက်ခွန်နှင့် အခွန်ကြီးကြပ်မှုဦးစီးဌာနမှ ထုတ်ပြန်သော နောက်ဆုံး ကုန်သွယ်မှု အချက်အလက် (၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ) အရ အိန္ဒိယသို့ ကမ္ဘောဒီးယား တင်ပို့မှုမှာ ကန်ဒေါ်လာ ၈၂ သန်းရှိပြီး အိန္ဒိယမှ ကမ္ဘောဒီးယား သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၁၄၀ ဖြစ်သည်။ အိန္ဒိယ၏ RCEP တွင် ပူးပေါင်းပါဝင်ခြင်းသည် Foreign Direct Investment (FDI) လမ်းကြောင်းသစ်ကို ဖန်တီးနိုင် သည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။
Source: Khmer Times
DOCA (ရန်ကုန်)