လာအိုနိုင်ငံသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရန်အတွက် စီးပွားရေး သံတမန်ရေးရာများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

Powered by Drupal

     လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာနသည် နိုင်ငံ၏စီးပွားရေးနှင့် ဘဏ္ဍာရေး စနစ်များအား ကောင်းလာစေရန် ရည်ရွယ်၍ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ ပေါင်းစည်းမှု တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ပြည်ပတွင် အခြေစိုက်သည့် လာအိုအရာရှိများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ အဆိုပါ ဆွေးနွေးပွဲကို လာအိုနိုင်ငံခြားရေး ဒုတိယ ၀န်ကြီး Maithong Thammavongsa မှ သဘာပတိအဖြစ် ကမ္ဘာတစ်ဝှမ်းရှိ လာအို ကိုယ်စား လှယ်ရုံးခွဲ ၄၁ ခုမှ သံတမန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း Pasaxon သတင်းစာက သြဂုတ်လ ၂၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုများကို တုံ့ပြန်မှု၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ မြင့်တက်လာစေရန် လာအို၏ မဟာဗျူဟာနှင့် တစ်ခုတည်းသော ရင်းနှီးမြှုပ်နှံမှုဝန်ဆောင်မှု ယန္တရားကို မြှင့်တင်ခြင်းများ အပါအဝင် စီးပွား ရေးသံတမန်ရေးဆိုင်ရာ အဓိက ဦးစားပေးကဏ္ဍများတွင် ပြည်ပမှ လာအို သံတမန်များနှင့် တိုးမြှင့်ချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများကြားတွင် လာအိုနိုင်ငံ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ ပေါင်းစည်းရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန်အတွက် သံတမန်များအား ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဦးစားပေးကဏ္ဍများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးတို့ကို အဓိက ထား ဆွေးနွေးခဲ့ကြသည်။ ၎င်း၏မိန့်ခွန်းတွင် Maithong သည် ကုန်သွယ်မှုကို မြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်နှင့် လာအို၏ ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးသို့ နက်ရှိုင်းစွာ ပေါင်းစည်းမှုတွင် စီးပွားရေးသံတမန်ရေးရာ၏ အရေးကြီးသော အခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့သည်။ လာအိုနိုင်ငံ၏ စီးပွားရေး ဦးစားပေးများကို နိုင်ငံခြားတွင် ထိထိရောက် ရောက် ကိုယ်စားပြုနိုင်သည့် အသိပညာကောင်းသော သံတမန်များ၏ အရေးပါမှုကိုလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ ပါဝင်သူများသည် သက်ဆိုင်ရာနိုင်ငံများတွင် ကုန်သွယ် မှု၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရာတွင် အတွေ့အကြုံများနှင့် အကောင်းဆုံးအလေ့အကျင့်များကို မျှဝေကြသည်။ ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အချိန်မီ သတင်းမျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပေါ်ပေါက်လာသော အခွင့်အလမ်းများ ကို ရယူခြင်းတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ စီးပွားရေးသံခင်းတမန်ခင်းသည် အမျိုး သားရေး ဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေပြီး လာမည့်နှစ်များတွင် ပိုမိုထိရောက်ပြီး အကျိုးသက်ရောက်မှုရှိသော အကောင်အထည်ဖော်မှုသေချာစေရန် ကဏ္ဍအားလုံးတွင် ခိုင်မာ သော ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

Source : Xinhua

DOCA (ရန်ကုန်)