
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ရေထွက်ကုန်များ အများအပြားထွက်ရှိသောဒေသဖြစ်ပါသည်။ ပုဇွန်၊ကဏန်း၊ကင်းမွန် စသည်တို့ သာမက ခရုအုန်းလည်းထွက်ရှိသောဒေသဖြစ်ပါသည်။ ခရုအုန်း(သို့)အုန်းခရုသည် ပင်လယ် ကြမ်းပြင်တွင် ကျက်စားနေထိုင်ကြသည့် ခရုတစ်မျိုးဖြစ်သည်။ အခွံခွာထားသည့်အုန်းသီး သဏ္ဌာန်ရှိ၍ ခရုအုန်း (သို့) အုန်းခရုဟုဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ဖြစ်ပြီးအခွံမာတွင် အစက်ပြောက်များအနည်းငယ်ရှိသည်။ စားသောက်ဆိုင်များတွင် ခရုအုန်း (သို့)အုန်းခရုအချဥ်တို့ ၁ပွဲ(၄၀၀၀)ကျပ်၊ အုန်းခရုထောင်း၊ အုန်းခရုသုပ် ၁ပွဲ(၅၀၀၀)ကျပ် ဖြင့် ရောင်းချကြသည်။
မြိတ်မြို့ပေါ်ရှိ ဇေယျာသီရိဈေး၊ဆိပ်ငယ်ဈေးနှင့်မြို့သစ်စျေးတို့တွင် ခရုအုန်း(သို့) အုန်းခရု ၁ပိဿာ(၂၀၀၀၀) ကျပ်ဖြင့်ရောင်းချကြပြီး အရွယ်အစားအလိုက် ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
DOCA(တနင်္သာရီ)