ဩဇာသီးဈေးနှုန်းဈေးကွက်

Powered by Drupal

      မြင်းခြံမြို့နယ်၊ အေးမြသီတာဈေးတွင် သစ်သီးဝလံမျိုးစုံ‌ရောင်းချလျက်ရှိရာ ပြည်မြို့မှ ထွက်ရှိသော ဩဇာသီးများကိုလည်း မှာယူရောင်းချကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ်တွင် ပြည်ဒေသထွက် ဩဇာသီးကြီး လက်လီတစ်လုံးလျှင် (၁၃၀၀) ကျပ်၊ အလုံးကြီးလက်ကား (၁၀) လုံးလျှင် (၁၁၀၀၀) ကျပ်၊ အလုံးလတ်လက်လီတစ်လုံးလျှင် (၉၀၀) ကျပ်၊ အလုံးလတ်လက်ကား (၁၀) လုံးလျှင် (၈၀၀၀) ကျပ် ပေါက်ဈေးများ ဖြင့်ရောင်းချကြောင်း၊ အသီးအရည်အသွေး လတ်ဆတ်မှုအ‌ပေါ်တွင် မှုတည်၍ ဈေးနှုန်းများလည်း ကွာခြားကြောင်း၊ ပြည်ဩဇာသီးသည် အရသာထူးကဲပြီး ချိုချဉ်ချဉ်ဖြစ်၍ အသားထူ သောကြောင့် ဈေးကွက်တွင် လူကြိုက်များ၍ စားသုံးမှုများပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ နေ့စဥ် ဩဇာသီးအလုံးရေ (၁၀၀-၂၀၀) ခန့်ရောင်းချရကြောင်း သစ်သီးရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။ ဩဇာသီးဝယ်ယူပါက အရည်အသွေးကောင်းသော အသီးကိုရွေးချယ်လိုလျှင် စားသုံးသူ၏လက်ထဲ၌ အသီးကိုချိန်ဆ၍ ကိုင်ကြည့်ပြီး အလေးချိန်စီး‌သော မျက်ကွင်းကျယ်အသီးရင့်ရင့်များကိုသာ ရွေးချယ်ဝယ်ယူ၍ စားသုံးနိုင်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)