
မြင်းခြံမြို့နယ်သည် ဆည်ရေသောက်အသင့်အတင့်ရှိ၍ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထားရှိကြောင်း၊ စားဖိုဆောင်အုပ်စုဝင်သီးနှံဖြစ်သော ခဝဲသီးကိုလည်း အဓိကစိုက်ပျိုးထား ကြောင်း သိရှိရ သည်။ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လေးအိမ်တန်း အုပ်စု၊ ကြက်လျှာ၊ ကျောင်းကုန်းရွာများ၌ တောင်သူများက မိမိတို့ခြံဝင်းများအတွင်းရှိ ဥယျာဉ်ခြံမြေများ တွင် ခဝဲပင်များကို တစ်နိုင်တပိုင်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးထွက်ရှိသော ခဝဲသီးများကို မြင်းခြံဈေးများသို့ သွား ရောက် ရောင်းချကြောင်းသိရှိရသည်။ မြေပြန့်ဒေသများတွင် ခဝဲသီးပင်ကို ဧပြီလအလယ်မှ စ၍ ဇူလိုင်လကုန် အထိစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လကြာမြင့်ကြောင်း၊ စိုက်ပျိုးပြီး(၄၅) ရက်အကြာတွင်အသီးများ စတင်ခူး ဆွတ်ခူးနိုင်ကြောင်း သိရသည်။ အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ ဩဂုတ်လနောက်ဆုံး ပတ်တွင် ခဝဲသီး ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ခန့်ပေါက် ဈေးများဖြင့် ရောင်းချ ကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ခဝဲသီး ၂၅ ကျပ်သား လျှင် (၁၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ပေါက် ဈေးများရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင်ခဝဲသီး ၂၅ ကျပ် သားလျှင် (၃၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၀၀၀) ကျပ်ခန့်ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ထိုသို့ဈေး ကျဆင်းခဲ့ခြင်းမှာ ဈေးကွက်အတွင်း ခဝဲသီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း စားသုံးမှုများ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရသည်။
DOCA(မန္တလေး)