မန်းကုန်စည်ဒိုင်ပြောင်းအရောင်းအဝယ်ဖြစ်ပေါ်မှု

Powered by Drupal

     မန္တလေးကုန်စည်ဒိုင်အတွင်း ရှမ်းတောင်၊ ရှမ်းမြောက်နှင့်မကွေးတိုင်းအတွင်း မြေနုကျွန်းများ တွင် စိုက်ပျိုးသော ပြောင်းဖူးစေ့များ၊ မန္တလေးတိုင်းအတွင်းမှ ထွက်ရှိသော ပြောင်းဖူးစေ့များ မန်း ကုန်စည်ဒိုင်အတွင်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ပြောင်းဖူးစေ့များကို စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြု ခြင်း၊ တပိုင်တနိုင် သိုလှောင်ထားရှိခြင်း၊ ကုန်စည်ဒိုင်အတွင်းဝင်ရောက်သည့် ကုန်စည်များ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ဈေးနှုန်းဈေးကွက်အနေနှင့် ပြောင်းဖူးစေ့(ဗမာ) ၃ တင်း တစ်အိတ် ၈၄၀၀၀ ကျပ်၊ (၁)ပိဿာ ၁၅၅၆ ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း) ၃ တင်း တစ်အိတ် ၈၄၅၀၀ ကျပ်၊ (၁)ပိဿာ ၁၅၇၄ ကျပ်၊ ပြောင်းဖူးစေ့(စီပီ)(သစ်)၈၆၀၀၀ ကျပ်၊ (၁)ပိဿာ ၁၅၉၃ ကျပ် တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စည်ဒိုင်အတွင်း ပိဿာဈေးနှင့်အရောင်းအဝယ်ဖြစ်ပြီး ၃ တင်း တစ်အိတ် ၅၄ ပိဿာ နှင့် အိတ်ဈေးဖြတ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)