အာဖဂန်နစ္စတန်နိုင်ငံ၌ ကုန်စည်ရောင်းဝယ်ရေးဒေသ တည်ထောင်

Powered by Drupal

      အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း  တာကာပြည်နယ်တွင်  ကုန်စည်ရောင်းဝယ်ရေး  ဆောင်ရွက်မည့်ဒေသကို  စတင်တည်ထောင်နေကြောင်း စီးပွားရေးဆိုင်ရာ ဒုတိယဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။ကုန်ထုတ်လုပ်မှုဆိုင်ရာအခြေခံအဆောက်အအုံများ တည်ထောင်ရေး နှင့် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်းသည် စီးပွားရေးဖွံ့ဖြိုး ရေးအတွက် အရေးကြီးကြောင်း    စီးပွားရေးဆိုင်ရာ ဒုတိယဝန်ကြီးချုပ်  မူလာ အဒဲဂါနီ ဗာရာဒါက ပြောကြားသည်။

    ကုန်စည်ရောင်းဝယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ထောင်ခြင်းသည် ကုန်ထုတ်လုပ်မှု စွမ်းရည်မြင့်မားရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေး၊  စက်မှုဖွံ့ဖြိုးရေး၊ အလုပ်အကိုင်များ ဖန်တီးပေးရေးနှင့် နိုင်ငံဝင် ငွေရရှိရေးတို့အတွက် အကူအညီပေးကြောင်း ၎င်းက ပြောကြား သည်။၎င်းဒေသကို  အာဖဂန်ငွေ ၂ ဒသမ ၄၅  ဘီလီယံ အကုန်အကျခံကာ မြေဧက ၆၀ ပေါ်တွင် တည်ထောင်မည်ဖြစ်ကြောင်း သိရသည်။

     ၎င်းကုန်စည် ရောင်းဝယ်ရေးဆိုင်ရာ ဒေသသည် ဒေသခံများအတွက်အလုပ်အကိုင်များ ဖန်တီးပေးရုံသာမက ကုန်စည်စီးဆင်းမှုအတွက် အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်။

Source: ကိုးကား-ဆင်ဟွာ

DOCA(ပြည်ထောင်စုနယ်မြေ)