မွန်ဂိုလီးယား ဗဟိုဘဏ်က ရှစ်လအတွင်း ရွှေ ၇ ဒသမ ၇ တန် ဝယ်ယူ

Powered by Drupal

      မွန်ဂိုလီးယားနိုင်ငံ  ဗဟိုဘဏ်က  ယခုနှစ်   ပထမရှစ်လအတွင်း  တရားဝင ်အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များထံမှ  ရွှေစုစုပေါင်း    ၇   ဒသမ  ၇  တန်  ဝယ်ယူခဲ့ကြောင်း   စက်တင်ဘာ  ၁  ရက်တွင်ပြောသည်။

          မွန်ဂိုလီးယားဘဏ်၏ ထုတ်ပြန်ကြေညာချက်အရ ဩဂုတ်လအထိ  ရွှေဝယ်ယူမှု ပျမ်းမျှဈေး နှုန်း မှာ တစ်ဂရမ်လျှင် မွန်ဂိုလီးယား တူဂရစ် ၃၈၇၂၅၉ ဒသမ ၁၂ (အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၇  ဒေါ်လာ ခန့်) ရှိကြောင်း သိရသည်။ ရွှေဝယ်ယူခြင်းသည် နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုကို  ထိန်းသိမ်းရန် ဗဟိုဘဏ်အတွက်  အဓိကကျသောနည်းလမ်းများထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။

          ဗဟိုဘဏ်၏ ထုတ်ပြန်ကြေညာချက်အရ နိုင်ငံခြားသုံးအရန်ငွေ စုစုပေါင်းပမာဏမှာ  ယခုနှစ် ဇူလိုင်လကုန်အထိ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၈ ဘီလီယံရှိကြောင်း သိရသည်။    

Source: ဆင်ဟွာ


DOCA(ပြည်ထောင်စုနယ်မြေ)