
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သန်လျင်မြို့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား ဩဂုတ်(၂၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် သန်လျင်ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သန်လျင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် သန်လျင်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်း အတည်ပြုပြီး မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များဖြစ်၍ Online Sale စနစ်ဖြင့် ရောင်းချ သည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)နှင့် စပ်လျဉ်း၍ Online Sale & Reg ပြုလုပ်၍ မှတ်ပုံတင်ရောင်းချပါက ခိုင်မာမှုရှိ၍ စားသုံးသူများအနေဖြင့် ယုံကြည်စိတ်ချရမှု ရရှိ လာပြီး လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန် အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များအား ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား ecomreg System အသုံးပြုသူ Member များအနေဖြင့် ecomreg Website အား ဝင်ရောက်ရာတွင် အချက်အလက်များ ပိုမိုလုံခြုံစိတ်ချရမှုရှိစေရန်အတွက် Two Factor Authentication (2FA)တွင် ထည့်သွင်းဆောင်ရွက်ထားပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)