ပေါ်ဦးပေါ်ဖျား မျှစ်ခြောက်  စျေးကောင်းရ  အရောင်းသွက်နေ

Powered by Drupal

           ရွှေဘိုမြို့တွင် ဩဂုတ်လ လဆန်းပိုင်းမှစ၍ ဒေသထွက် မျှစ်ခြောက်များ အပြင် ကန့်ဘလူမြို့၊ကောလင်းမြို့များမှမျှစ်ခြောက်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ ယခု ဩဂုတ်လ တတိယပတ်တွင် မျှစ်ခြောက် လက်လီ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးရှိ ဒေသထွက် စားသောက် ကုန် ရောင်းချသူတစ်ဦးထံမှ သိရသည်။

           ပေါ်ဦးပေါ်ဖျားဖြစ်သည့် မျှစ်ခြောက်သည် နုနယ်ပြီး နှစ်ပေါက် အထားခံသည့် စားသောက်ကုန်ဖြစ်သဖြင့် ကုန်သည် လှောင်လက်များပြီး၊ ဝင်ရောက်လာသော မျှစ်ခြောက် များကို   မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များသို့  တင်ပို့ရောင်းချသည့်အပြင် ရွှေဘိုမြို့ပေါ်ရှိ ဈေးကြီးများမှ တစ်ဆင့် ပြန်လည်၍ ဖောက်သည်ဝယ်ယူရောင်းချကြ သူများ၊စားသောက်ဆိုင်များမှ ဝယ်ယူသူများဖြင့်  ဈေးကောင်းရ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သတင်း ရရှိသည်။

Doca(စစ်ကိုင်း)