အင်ဒိုနီးရှား အာဏာပိုင်များသည် ရှားပါးတိရိစ္ဆာန်မျိုးစိတ်များအား တရားမဝင် ရောင်းဝယ်ဖောက်ကားရန် ကြိုးပမ်းမှုကို တားမြစ်ထား

Powered by Drupal

            အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ်ရှိ အာဏာပိုင်များသည် မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် တောရိုင်းတိရိစ္ဆာန် ၁၁၆ ကောင်ကို တရားမဝင်ရောင်းဝယ်ဖောက်ကားရန် ကြိုးပမ်းမှုကို တားမြစ်ခဲ့ကြောင်း ပြည်နယ်သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးအေဂျင်စီ (BKSDA) က သြဂုတ်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဂျာဗားကျွန်းသို့ ဦးတည်သွားသည်ဟု ယူဆရသည့် ကုန်တင်သင်္ဘော၏ မျက်နှာကျက်တွင် တိရစ္ဆာန်များအား ဝှက်ထားသည်ကို တွေ့ရှိခဲ့ကြောင်း BKSDA မှ သစ်တောရဲအရာရှိ Arga Christyan က ပြောကြားခဲ့သည်။ သိမ်းဆည်းရမိသော မျိုးစိတ်များတွင် ပါပူအန် iguanas အကောင် ၆၆ ကောင်နှင့် သေဆုံး ၂၂ ကောင်၊ အပြာရောင်အစက်အပြောက်ပါသောပုတ်သင်အရှင် ၁၄ ကောင်၊ စပါးအုံးမြွေစိမ်းတစ်ကောင်၊ ပါပူအန် မြွေသေတုတ် အရှင် ၄ ကောင် အသေ ၂ ကောင်နှင့် မျက်လုံးနှစ်ထပ်ကြက်တူရွေး ၇ ကောင်တို့ပါဝင်သည်။ ထိုတွေ့ရှိမှုသည် မျိုးသုဉ်းလုနီးပါးဖြစ်နေသော ထိုတောရိုင်းတိရိစ္ဆာန်များအား အထူးသဖြင့်အရှေ့ဂျာဗားပြည်နယ်မှ ဈေးကွက်များဆီ တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်နေခြင်းကို ပြသနေခြင်းဖြစ်ကြောင်း Christyan ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာများကဖော်ပြခဲ့သည်။ Maluku BKSDA အဖွဲ့သည် ဖမ်းဆီးရမိသော တိရစ္ဆာန်များအား သင့်လျော်သော စောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးများ ရရှိစေရေးအတွက် လိုင်စင်ရ တောရိုင်းတိရစ္ဆာန် ဖြန့်ဖြူးရေးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းကို Maluku BKSDA နှင့် သင်္ဘောအရာရှိတို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။ 

Source: Xinhua

DOCA (ရန်ကုန်)