
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၁.၈.၂၀၂၅) ရက်နေ့ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေစီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်ပူပေါင်း၍ ဝါးခယ်မမြို့ပေါ်ရှိရေါှညာအမှတ်တံဆိပ်မုန့်ဟင်းခါးခြောက်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့ပေါ်ရှိ ရွှေညာအမှတ်တံဆိပ် မုန့်ဟင်းခါးခြောက်လုပ်ငန်းတွင် MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့်ကုန်ကြမ်းရရှိမှုဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားနိုင်ခြင်းအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈)ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်သောလုပ်ငန်းရှင် ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။
(DOCA ဧရာဝတီ)