
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၁.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စည်သာယာရေးအဖွဲ့၊ အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့ပေါ်ရှိ ရွှေစင်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့ပေါ်ရှိရွှေစင်မုန့်လုပ်ငန်းတွင် MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့် ကုန်ကြမ်းရရှိမှု ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားနိုင်ခြင်းအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈)ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်သောလုပ်ငန်းရှင် ပြည်သူများသိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရှိရ ပါသည်။
(DOCA ဧရာဝတီ)