ဓနုဖြူမြို့နယ်တွင် ဗူးပင် စိုက်ပျိုးခြင်းဖြင့် တောင်သူ အကျိုးအမြတ်ရရှိ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများတို့ကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိ ရာ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ဘူးသီးနှံများကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

        ဘူးသီးကို ဧပြီလတွင် စိုက်ပျိုး၍ ၂ လခွဲခန့်အကြာ ဇူလိုင်လမှစတင်၍ ဘူးသီးများ ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် ဗမာမျိုးများကို စိုက်ပျိုးကြပြီး စင်တင်စနစ်နှင့် မြေချစနစ်ဟူ၍ရှိရာ စင်တင်စနစ်ဖြင့်သာ အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ဘူးပင်ရေ ၂၀၀ ခန့် ဝင်ဆံ့စိုက်ပျိုးနိုင်ပြီး စင်တင်စနစ်စိုက်ပျိုးရာ ၌ အသုံးပြုသည့်ဝါးစင်ကို ၂ နှစ်အတွင်း ပြန်လည်အသုံးပြုနိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၇ သိန်းကျော် ခန့်ကုန်ကျကြောင်း၊ ဘူးသီးကို တစ်လျှင်  ကြိမ် ခူးဆွတ်နိုင်ပြီး ၄ လ အကြာထိ ခူးဆွတ်လျက် ရှိရာ တစ်ဧကလျှင် စုစုပေါင်း ဘူးသီးအလုံးရေ ၄,၂၀၀-၄,၅၀၀ လုံးခန့်ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ဓနုဖြူမြို့နယ်နှင့် ပန်းတနော် မြို့နယ်အတွင်းရှိ ကုန်စိမ်းလက်ကားဆိုင်များ၊ ဘူးသီးကြော်ဆိုင်များသို့ ရောင်းချလျက်ရှိရာ ဘူးသီးနှံစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ် သက်သာ၍ အကျိုးအမြတ်ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)