ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူပြည်သူများ သက်သာစေရန် စားအုန်းဆီတစ်ပိဿာ(၅၅၀၀)ကျပ်နှုန်းဖြင့် လှည့်လည်ရောင်းချ

Powered by Drupal

      စားသုံးဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေးတို့အတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ၊  စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား  စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လက်ကားကုန်သည်များကို  ဖြန့်ဖြူးရောင်းချစေခဲ့ပါသည်။ အဆိုပါစားအုန်းဆီများကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊  ကျောက်ပန်းတောင်းမြို့နယ်  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ  သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်   ဝယ်ယူ၍ မြို့နယ်အတွင်းနေ စားသုံးသူပြည်သူများ ဈေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေးအတွက်  စားသုံးဆီတစ်ပိဿာလျှင်(၅၅၀၀)ကျပ်နှုန်းဖြင့်  ရပ်ကွက်ကျေး ရွာများသို့ Mobile စနစ်ဖြင့် လှည့်လည်၍ ရောင်းချပေးခဲ့ပါသည်။အိမ်ထောင်စုတစ်စုလျှင်(၁) ပိဿာနှုန်းဖြင့် တစ်ရက်ကိုလုပ်ငန်းရှင် (၃)ဦးမှ  စားအုန်းဆီပိဿာချိန်စုစုပေါင်း(၁၃၂၀)ပိဿာ ရောင်းချလျှက်ရှိပါသည်။ယခုလို စားသုံးဆီလှည့်လည်ရောင်းချမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်း မြို့နယ်တာဝန်ခံနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်လက်၍လည်း ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ရပ်ကွက်၊ ကျေးရွာများသို့ မြို့နယ်အတွက် ရည်ညွှန်းဈေးဖြင့်ရရှိသော စားအုန်းဆီများကို မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းဥက္ကဌ  ဦးဆောင်၍ ယခုလို Mobile စနစ်ဖြင့်  လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်း ဥက္ကဌထံမှ သိရှိရပါသည်။

DOCA(မန္တလေး)