မော်လမြိုင်မြို့ ရင်ကွဲသရက်သီးဈေးကောင်းရရှိ

Powered by Drupal

      မော်လမြိုင်ဒေသထွက် ရင်ကွဲသရက်သီး ဈေးကောင်းရရှိနေသည်။ ရင်ကွဲသီး သရက်မျိုးသည် မွန်ဒေသထွက် သရက်သီးမျိုးနွယ်(၁၂၅)မျိုးအနက် လူကြိုက်အများ ဆုံးနှင့်အသီးထွက် အကောင်းဆုံးဖြစ်သော သရက်မျိုးဖြစ်သည်။ ယခင်လများ (ဇွန်လ၊ ဇူလိုင်)တွင် ရင်ကွဲသရက်သီး လှိုင်လှိုင်ထွက်ရှိခဲ့သည်။ သို့သော်  ဩဂုတ်လဆန်းတွင် အသီးသီးနှုန်းလျော့နည်းလာ၍ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာပြီး အသီးရောင်း ချမှုနည်းပါးလာပါသည်။

          ယခု ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ရင်ကွဲသရက်သီး ဈေးနှုန်းအခြေ အနေမှာ ရင်ကွဲသရက်သီး အစိမ်းအချော အကြီးတစ်လုံးလျှင် (၅၅၀)ကျပ်၊ အသေး တစ်လုံးလျှင်(၄၅၀)ကျပ်ဖြစ်သည်။ ရင်ကွဲသရက်သီးအမှည့် အကြီးတစ်လုံးလျှင် (၉၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၈၀၀)ကျပ် ဖြစ်သည်။ စားသုံးသူအနေဖြင့် ဒေသအသီး ရင်ကွဲမျိုးကို ကြိုက်နှစ်သက်သောကြောင့် ဈေးကောင်းပေးဝယ် စားသုံးကြကြောင်း သိရှိရသည်။

DOCA (မွန်)