
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အေးသာယာဈေးတွင် ဂန္ဓာမာပန်း၊ ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်း၊ နှင်းဆီပန်း၊ ရေမွှေးပန်းနှင့် သစ္စာပန်းနှင့် သပြေပန်းများ ရောင်းချလျက်ရှိသည်။ အဆိုပါ ပန်းများသည်ဒေသထွက်ပန်းများဖြစ်ပြီး ဘုရားပန်းကပ်လှူရန် ဝယ်ယူမှုများကြောင့် အရောင်းအဝယ်သွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် အေးသာယာဈေးအတွင်း ရောင်းချသည့်ပန်း ဈေးနှုန်းများမှာ ဂန္ဓာမာပန်းဖြူ အပွင့်ကြီး (၁၀ပွင့်ပါ)တစ်စည်းလျှင် ၇၀၀၀ကျပ် ၊ ဂန္ဓာမာပန်း အပွင့်သေး (အဝါရောင်၊ အဖြူရောင်) တစ်စည်းလျှင် ၄၀၀၀ကျပ်၊ ပန်းထိမ်ငိုပန်း(၁၀ပင်ပါ) တစ်စည်းလျှင် ၇၀၀၀ကျပ်၊ နှင်းဆီပန်း အရောင်စုံ (ပန်းရောင်၊ အဖြူရောင်၊ အနီရောင်) (၁)ပွင့်လျှင် ၅၀၀ကျပ် ၊ (၁၀ဖွင့်ပါ ) တစ်စည်းလျှင် ၄၅၀၀ကျပ်၊ သစ္စာပန်း (အဖြူ၊ အနီ) တစ်စည်းလျှင် ၆၀၀၀ကျပ်၊ သပြေပန်း တစ်စည်း ၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလ လဆန်းပိုင်းမှစ၍ ပန်းဈေးနှုန်းများမှာ ပျှမ်းမျှ ပန်းတစ်စည်း လျှင် ၃၀၀ ကျပ် မှ ၅၀၀ ကျပ် ခန့်အတွင်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။
DOCA (မွန်)