ကရင်ပြည်နယ်ဒေသထုတ်ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”ဈေးနှုန်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လစတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ  City Market များနှင့် စားသောက်ဆိုင်များတွင် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”များ ရောင်းအားကောင်းလျက် ရှိကြောင်း သိရသည်။

     ဆိတ်ချေးခါးဟင်းလျာနှင့်ပတ်သက်၍ လုပ်ငန်းရှင်ဦးချိက ဆိတ်ချေးခါးဟင်းလျာမှာ ကရင် လူမျိုးတို့၏ ဒေသအစားအစာတစ်ခုဖြစ်ပြီး ကရင်ပြည်နယ်တစ်ခုတည်းတွင်သာ ရရှိနိုင်ပါသည်။ ဆိတ်ချေးခါးဟင်းလျားတွင် ဆိတ်ခေါင်း၊ ဆိတ်ကလီစာ၊ ဆိတ်နံရိုးနု၊ ဆိတ်ချေးပါအူနုများကို ဂျင်း၊ စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်နူသီးရွက်၊ ရှမ်းနံနံစသည့် ဟင်းခတ်အမွေးအကြိုင်များ ကို စုပေါင်းရောနှောလုံးပြီး ဆီမပါ နူးအါစွာ ချက်ပြုတ်ထားခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်းဖြန့်ချီရံ သာမက အခြားမြို့များနှင့်တဖက်ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ၍ လူကြိုက်များလျက်ရှိကြောင်း သိရသည်။

   အဆိုပါ ဒေသထုတ်ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”ကို နှစ်ပတ်တစ်ကြိမ် လက်ကား/ လက်လီဖြန့်ဖြူးရောင်းချလျက်ရှိသည်။ယခင်နှစ် “ဆိတ်ချေးခါးဟင်းလျာ”ဈေးနှုန်းများမှာ လက်ကား ဈေး“ဆိတ်ချေးခါး”အထုပ်(၁၀၀)လျှင်(၄၅၀၀၀၀)ကျပ်၊“ဆိတ်ချေးခါး”အထုတ်(၅၀)လျှင် (၂၂၅၀၀၀) ကျပ် နှုန်းနှင့် လက်လီဈေးနှုန်း အထုပ်(၁)ထုပ်လျှင် (၄၅၀၀)ကျပ်နှင့်ယခုနှစ် ဒေသထုတ်ကုန်အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ဈေးနှုန်းများမှာ လက်ကားဈေး “ဆိတ်ချေးခါး”အထုပ်(၁၀၀)လျှင် (၆၀၀၀၀၀)ကျပ်၊ “ဆိတ်ချေးခါး”အထုပ်(၅၀)လျှင် (၃၁၀၀၀၀)ကျပ်နှုန်းနှင့်လက်လီဈေးနှုန်းအထုပ်(၁)ထုပ်လျှင် (၆၅၀၀)ကျပ် နှုန်းတို့ဖြစ် ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ် “ဆိတ်ချေးခါး” ဈေးနှုန်းနှင့်ယခုနှစ် “ဆိတ်ချေးခါး” ဈေးနှုန်း နှိုင်းယှဉ်လျှင် “ဆိတ်ချေးခါး” (၁)ထုပ်လျှင်(၁၅၀၀)ကျပ်နှုန်း ကွာဟကြောင်း၊ ယခုလို “ဆိတ်ချေးခါး” ဈေးနှုန်း အနည်းငယ်ကွာဟရခြင်းမှာ “ဆိတ်ချေးခါး”တွင် ပါဝင်သောပစ္စည်းနှင့်ပါကင်အိတ် ဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)