
၂၀၂၅ခုနှစ်၊ ဩဂုတ်လစတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ဘားအံမြို့ရေပေါ်ဈေးတွင် ရောင်းချ နေသော ဒေသထွက်ရာသီစာ ဆူစကားသီး(သို့)ပန်းသီးများ ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ဆူစကားသီး(သို့)ပန်းသီးနှင့်ပတ်သက်၍ ရောင်းချသူဆိုင်ရှင်မှ ဆူစကားသီး(သို့)ပန်းသီးပင်သည် နွယ်ပင်တစ်မျိုးဖြစ်ပြီး ကရင်ပြည်နယ်အတွင်း မိုးရာသီမှသာ ရရှိနိုင်သည်။ ဆူစကားသီး(သို့)ပန်းသီးပင်သည် ဘူးသီး၊ဂေါ်ရခါးသီး အတိုင်းချက်စားနိုင်သလို ဆူစကားသီး(သို့)ပန်းသီး၏ အနှစ်သည်လည်း ပင်မှည့်သီးလို ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပါသည်။
ဘားအံမြို့အနီးတစ်ဝိုက်ကျေးရွာများတွင် ဆူစကားသီး(သို့)ပန်းသီးကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်ပိုင်တနိုင် အပိုဝင်ငွေရရှိနိုင်ရန်အတွက် စိုက်ပျိုးကြသည်။ ဆူစကားသီး(သို့)ပန်းသီးကို အရွယ်အစား အလိုက်ရောင်းချကြသည်။ ဆူစကားသီး(သို့)ပန်းသီးဈေးနှုန်းမှာ လက်ကားဈေးနှုန်းအလုံးကြီး(၁၀)လုံးလျှင် (၁၅၀၀၀)ကျပ်၊ အလုံး(၅၀)လုံးလျှင်(၇၃၀၀၀)ကျပ်၊ အလုံး(၁၀၀)လုံးလျှင်(၁၂၀၀၀၀)ကျပ်နှုန်းနှင့် လက်လီ ဈေးနှုန်းအနေဖြင့် အလုံးကြီးတစ်လုံးလျှင်(၂၀၀၀/၂၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင်(၁၅၀၀/၂၀၀၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၈၀၀/၁၀၀၀)ကျပ်နှုန်း ရောင်းချ၍ ဈေးကောင်းရကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)