စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၈/၂၀၂၅)အား ဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်(၆)မြို့နယ်နှင့်Onlineစနစ် ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၆.၈.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦး ကို လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန် ရည် ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဟောပြောနိုင်ရေး ကိုရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးဦးဇော်မင်းက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မား လာစေရေးအတွက် ရုံးလုပ် ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်လိုအပ်ကြောင်း ကိုလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ “ What is Quality” ခေါင်းစဉ်ဖြင့် ကုန်စည်၏အရည်အသွေးများအကြောင်း၊ စီမံရေးရာဌာနခွဲမှူး ဦးစီးအရာရှိ ဦးအောင်မျိုးထိုက်မှ ရုံးလုပ်ငန်းများအကြောင်း၊ စားသုံးသူရေးရာဌာနခွဲမှူး ဦးစီးအရာရှိ ဦးဝင်းအောင်က စားသုံးသူကာကွယ် ရေးဥပဒေများအကြောင်း၊ ငွေစာရင်းတာဝန်ခံ ဦးရဲမြင့်ထွန်းမှ ဘဏ္ဍာရေးစည်းမျဉ်းများအကြောင်း    အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပို့ချချက်များအပြီးတွင် သင်တန်းသားများမှ မရှင်းလင်း သည်များကို မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး နေ့လည်(၁၅:၀၀)နာရီတွင် သင်တန်းဆင်း အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သင်တန်းသို့ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

EYDNS (DOCA ဧရာဝတီ)