
စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု - ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်း သည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၂၅.၈.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် မြန်အောင်မြို့၊ ရုံးပွဲလမ်း၊ အမှတ်(၅)ရပ်ကွက်နှင့် ကျောင်းကြီးလမ်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးဆက်ပိုင် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးနှင့် ဦးဌေးအောင် ဘိလပ်မြေ အရောင်းဆိုင်များ တွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် စစ်ဆေးတွေ့ရှိချက်များအရ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ် မြေ ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍ သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးဖြင့်သာ ရောင်းချလျက်ရှိပါသည်။ မြန်အောင်မြို့နယ်တွင် စက်ရုံမှ ဘိလပ်မြေများ ဝင်ရောက်မှုရှိသဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း၊ ပစ္စည်းပြတ်လပ်မှု မရှိဘဲ ဒေသတွင်း သုံးစွဲမှုလုံလောက်ကြောင်း စိစစ်တွေ့ရှိရသည် ဟု သတင်းရရှိပါသည်။
EYDNS(DOCA ဧရာဝတီ)