မြန်အောင်မြို့နယ် ရှားတောကျေးရွာရှိ ခွဲတမ်းရ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၁.၉.၂၀၂၅) ရက်နေ့ ၊နံနက်(၉:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍   စားအုန်းဆီ လက်လီ၊ လက္ကား အရောင်းဆိုင်များအား  ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီ ဖြန့်ဖြူး ရောင်းချနေမှုများအား ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ်စား လှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များ မှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ  ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ် လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)