ကျိုက်လတ်မြို့ပေါ်ရှိ အင်တာနက် မိုဘိုင်း ဆိုင်များအား ကွင်းဆင်းစိစစ်

Powered by Drupal

     ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြေအောက်ကေဘယ် ဆက်သွယ်ရေးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ လျှပ်စစ်ဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁.၉.၂၀၂၅) နံနက် (၁၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အင်တာနက် မိုဘိုင်းဆိုင်(၂) ဆိုင်တွင် ရောင်းချနေသော Router ၊ Canal + ၊ ဒေတာပလန်၊ စသည့်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဆိုင်ရှင်များက လိုင်းမရပါက ပြန်လည်လဲလှယ်ပေးခြင်း ငွေပေးသွင်းမှုအား ဆောင်ရွက်ပေးခြင်း စသည့် ဝန်ဆောင်မှုများပြန်လည်ပေးဆောင်ပေးခဲ့ကြောင်းနှင့် မြို့နယ်တာဝန်ခံက အခန်း(၁၁)ပုဒ်မ (၂၄) အရ စားသုံးသူတောင်းဆိုသော အခွင့်အရေးများ ပျက်ကွက် ပါက စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းကို အခန်း(၂၀) ပုဒ်မ (၅၂) အရ ဆောင်ရွက်မည်ဖြစ် ကြောင်း ဆိုင်ရှင်အား ရှင်းလင်းပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

(Docaဧရာဝတီ)