
ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၁.၉.၂၀၂၅) ရက်၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြမြင့်မိုရ် ဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချ နေသော ခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက် ပြည့်စုံမှုရှိ/ မရှိ စိစစ်ခဲ့ကြပါသည်။စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ၊ ပုဒ်မ (၄၁) ခွဲအရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စိစစ်ခဲ့ရာ ရောင်းချနေသော ခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသား များကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိပြီး FDA ထောက်ခံချက်များလည်း ပြည့်စုံစွာ ဖော်ပြထားသည်ကို ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါ သည်။
(Docaဧရာဝတီ)